မြန်မာနက် ဆိုတာ
မြန်မာတို့ရဲ့ ဒစ်ဂျစ်တယ် အိမ်ရာ ©
Welcome to Myanmar Net. မြန်မာနက် ဆိုတာ တစ်ကမ္ဘာလုံးက မြန်မာတွေ အားလုံးအတွက် ဒစ်ဂျစ်တယ် ဂေဟာ (သို့) ဒစ်ဂျစ်တယ်အိမ်လေး တစ်ခုပါပဲ။ www.မြန်မာ.net လို့ ခေါ်လဲ ရတယ်။ www.shwe.net လို့ ခေါ်လဲ ရပါတယ်။ ခေတ်သုံး ဘမ်းစကားနဲ့ "ရွှေ" လို့ခေါ်တဲ့ မြန်မာနိုင်ငံသားတွေ အားလုံးအတွက် www.shwe.net ဆိုတာလေးကလည်း မှတ်မိရလွယ်တဲ့ လိပ်စာလေးပါ။ မြန်မာတွေအတွက် အသုံးဝင်တာ လိုအပ်တတ်တာလေးတွေ အကုန်ရှိနေတဲ့ နေရာပါ။ နေ့တိုင်း အမြဲရှိနေလို့ရအောင် browser မှာ default page လုပ်ထားလိုက်လေ :)
မြန်မာ့အင်တာနက် လမ်းညွှန်
ကတော့ ဘာဘဲရှာရှာ အသုံးအဝင်ဆုံး ဖြစ်ပါတယ်။ အင်တာနက်ကို မွှေနှောက်ပြီး သုံးတတ်တဲ့လူက မသုံးတတ်သူကို အမြတ်ထုတ်သွားတာ၊ သိသူဖော်စား မသိသူ ကျော်သွား လုပ်သွားတာတွေ မဖြစ်စေရအောင်ပါ။
ဖွင့်ကြည့်မြန်မာမှုပြုထားတဲ့ ဂိမ်းများ
လူအတော်များများက ဂိမ်းတွေကို အင်္ဂလိပ်လိုတွေ ဖြစ်နေတဲ့အခါ ကစားချင်ရဲ့သားနဲ့၊ မကစားလိုက်ရတာမျိုး မဖြစ်အောင် ကူညီပေးထားတဲ့ စနစ်ပါ။ မြန်မာလိုတွေ ဖတ်လို့ရအောင် လုပ်လို့ရတာ လုပ်ထားပေးပါတယ်။ ဆက်လက် ကြိုးစားပါ့မယ်ဗျ။
အခုဆော့ရအောင်နိုင်ငံတကာ သတင်းများ
ကမ္ဘာမှာ ဘာဖြစ်နေပြီ၊ သင်ကြိုက်တဲ့ ဆယ်လီက ဘာဖြစ်နေပြီ ဆိုတာတွေ သိရအောင် နာရီတိုင်း အသစ်ဝင်နေတဲ့ သတင်းကဏ္ဍကို ခဏခဏ ဝင်ဖတ်ကြည့်တာ ပျော်စရာပါ။
သတင်းစာဖတ်ရာသီဖွား ဗေဒင် ဟောစာတမ်း
ဘာဖြစ်တတ်တယ်ဆိုတဲ့ ဗေဒင်ကို မကြာခဏ ကြည့်တတ်တာ မြန်မာတွေပါ။ ၁၂လ ရာသီ ဗေဒင်ကို အခမဲ့ ဝင်ဖတ်နိုင်ပါပြီ။
ဗေဒင်ကြည့်အွန်လိုင်း ဈေးဝယ်မလား
အွန်လိုင်းဝယ်ရင် ဈေးပိုတန်တာ ရတတ်တယ်။ ကပ်ရောဂါဘေးကြောင့် အပြင်သွားမရချိန်မှာ လုပ်ငန်းပေါင်း မြောက်မြားစွာအတွက် နဲနဲလောက် လည်ပတ်နိုင်တဲ့ နည်းလမ်းလေးပဲ ဖြစ်ပါတယ်။ ဝယ်ချင်သူတွေ ဝယ်လို့ရလို၊ ရောင်းချင်သူတွေလည်း ဝင်ရောင်းဘို့ ဖိတ်ခေါ်ပါတယ်။
ဈေးဝယ်ရအောင်နှိပ်အလုပ် ကူရှာပေးတယ်
မြန်မာနက်က အလုပ် ပွဲစား အေဂျင်စီ မဟုတ်ပါ။ အခမဲ့ ကုသိုလ်ဖြစ် အလုပ်ကူရှာပေးတဲ့ ဝန်ဆောင်မှု ဖြစ်ပါတယ်။
အလုပ်ရှာမယ်ကား ဝယ်ရောင်းငှား
ဝယ်မလား? ရောင်းမလား? ငှားစားမလား? ငှားစီးမလား? ဈေးအကောင်းဆုံး ရအောင်ရယ်၊ ဘယ်ကားက ဘယ်ဈေး ပေါက်တယ်ဆိုတာရယ် အလွယ်တကူ သိနိုင်တဲ့နည်းပါ။ အိုင်တီခေတ်ဆိုတော့ အိုင်တီကို အားကိုးသင့်ပါတယ်။
ကားရှာမယ်ရုပ်ရှင် ဗီဒီယို ကြိုက်တာရှာ
မြန်မာ ရုပ်ရှင်သမိုင်းမှာ ရှိခဲ့သမျှ ရုပ်ရှင် မင်းသား၊ မင်းသမီးတွေနာမည်နဲ့ သူတို့ပါခဲ့တဲ့ ရုပ်ရှင်တွေကို ပြန်ရှာလို့ ရပါတယ်။ ပြန်ရှာလို့ ရတဲ့ ရုပ်ရှင်+ဗီဒီယို ၆၀,၀၀၀ ကျော် ရှိနေတယ်။
ဗီဒီယိုကြည့်တေးဂီတ သီချင်း ကြိုက်တာရှာ
အဆိုတော် ၁၉၀၀ ကျော်ရဲ့ သီချင်းတွေ ရှိတယ်။ မိတ်ဆွေကြိုက်တဲ့ အဆိုတော် နာမည်နဲ့ သူဆိုခဲ့သမျှ သီချင်းတွေ၊ ပြန်ဆိုတေးတွေကို မူကွဲတွေကို နားထောင်ပြီး အရသာ အမျိုးမျိုးခံစား နားထောင်ချင်သူတွေ ရှိကြပါတယ်။ ပရိတ်သတ် အကြိုက်ပေါ့လေ။
သီချင်းရှာတိပိဋက (သို့) ပိဋကတ် ၃ပုံ
တရားဓမ္မ လေ့လာနာယူလိုသူတွေအတွက် ဗုဒ္ဓဘုရားရှင် ကိုယ်တိုင်ဟောကြားခဲ့သမျှတွေကို မှတ်တမ်းတင်ထားတာကို ပိဋကတ် ၃ပုံလို့ ခေါ်ပါတယ်။ နာယူကြည့်ပါ။
တရားနာစားစရာ ချက်မလား? မှာမလား?
ကိုယ်တိုင် ချက်ချင်သူ ချက်တတ်သူ ဝါသနာအိုးတွေအတွက် ချက်နည်း ပြုတ်နည်း ထောင်နဲ့ချီပြီး ရှိပါတယ်။ အကြော် ၁၂၅ မျိုး၊ အသုပ် ၇၆ မျိုးရှိတယ်။ အသားထဲကဆို ကြက်သားဟင်း ၈၂ မျိုး၊ ဝက်သားဟင်း ၇၁ မျိုးတောင် ရှိတယ်။ မှာမလား? ချက်မလား?
စားမယ်၊ ဝါးမယ်အိမ်ခြံမြေ ဝယ်ရောင်းငှား
ရင်းနှီးမြှုပ်နှံမလား? ဝယ်ရောင်းလုပ်ပြီး အမြတ်ထွက်အောင် လုပ်မလား? ကိုယ်တိုင် ပွဲစားလုပ်မလား? အိမ်ရှင်များအတွက် အခမဲ့ အကျိုးဆောင် ပေးနေပါတယ်။
အိမ်ရှာမယ်တရား ဥပဒေ
နိုင်ငံတစ်နိုင်ငံရဲ့ ဥပဒေဆိုတာ အဲဒီနိုင်ငံမှာရှိနေတဲ့ နိုင်ငံသားတိုင်းနဲ့ နိုင်ငံခြားသားတိုင်း လိုက်နာရမယ့် စည်းကမ်းတွေပါ။ မလိုက်နာရင် ဖမ်းခံရနိုင်တယ်။ တရားစွဲခံရနိုင်တယ်။ ဒါတွေ မဖြစ်အောင် ရှောင်ရန် ဆောင်ရန်တွေ လေ့လာနိုင်တဲ့ နေရာဖြစ်ပါတယ်။
ဖတ်ကြည့်ပြည်ထောင်စု အဘိဓာန်
မြန်မာနိုင်ငံရဲ့ တိုင်းရင်းသား ၁၂ မျိုးနဲ့ အင်္ဂလိပ်စာအပါအဝင် စုစုပေါင်း ၁၃ ဘာသာနဲ့ ကြည့်လို့ရတဲ့ ထူးထူးခြားခြား အဘိဓာန် ဖြစ်ပါတယ်။ Google Translate ထဲမှာတောင် မပါသေးတဲ့ တိုင်းရင်းသား ဘာသာတွေ ပါတယ်။ တစ်ကမ္ဘာလုံးမှာ ဒီတစ်ခုတည်း ရှိပါတယ်။
ကြည့်မယ်လေအထွေထွေ အကျိုးဆောင်
ဘာပဲ ရောင်းချင်ရောင်းချင်၊ အသစ်ပဲဖြစ်ဖြစ်၊ တစ်ပတ်ရစ် အဟောင်းပဲဖြစ်ဖြစ် ဘာမဆို လွယ်လွယ် ပြန်ရောင်းလို့ ရတဲ့ နေရာလေးပါ။ ဖတ်ပြီးသား စာအုပ်အဟောင်းကအစ ပြန်ရောင်းလို့ရတယ်။ ရောင်းကြည့်လေ။
ဘာတွေရှိလဲ?